Interview preparation
Dress Code for Interview Session 🤵🏻🤵🏻‍♀️ အလုပ်အင်တာဗျူးတစ်ခုမှာ ကိုယ့်ရဲ့အရည်အချင်း၊ ကျွမ်းကျင်မှုတွေအပြင် ပထမဆုံးအမြင်ကလည်း အရေးကြီးပါတယ်။ ဒီအထင်အမြင်ကိုဖန်တီးပေးနိုင်တဲ့အရေးကြီးဆုံးအချက်ကတော့ မိမိဝတ်စားဆင်ယင်မှုပဲဖြစ်ပါတယ်။ မတော်တဆ မသင့်လျော်တဲ့ဝတ်စုံနဲ့အင်တာဗျူးဝင်မိတဲ့အခါမှာ မိမိရဲ့Career image ကိုထိခိုက်စေနိုင်သလို၊ Training ကောင်းကောင်းပြုလုပ်ထားတဲ့သူဆိုတဲ့အမြင်မှလည်းဝေးကွာသွားနိုင်ပါတယ်။ YP Education မှာ သင်ယူနေတဲ့ ကျောင်းသားများအတွက် အလုပ်အင်တာဗျူးတွေကိုအောင်မြင်စွာဖြတ်သန်းနိုင်ဖို့၊ တက်ကြွမှုအပြည့်အဝနဲ့ အရည်အချင်းတွေပြသနိုင်ဖို့ Business Casual ဝတ်စုံပုံစံနဲ့ ပတ်သက်တဲ့အကြောင်းအရာများကို မျှဝေပေးလိုက်ပါတယ်။ 💁🏼‍♀️ အလုပ်အမျိုးအစားနဲ့ လုပ်ငန်း level ပေါ်မူတည်ပြီး၊ သင့်တော်တဲ့ဝတ်စုံနဲ့ ကိုယ့်ကိုယ်ကိုယ် Confidence ရှိနေဖို့အရေးကြီးသလို၊ Interview session တစ်ခုပြုလုပ်ရာမှာ ကိုယ့်ရဲ့အပြင်အဆင်ကလည်း အလုပ်အတွက်အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အနေအထားတစ်ခုဖြစ်နေနိုင်ရပါမယ်။ အောက်မှာ မိန်းကလေးများနဲ့ ယောကျာ်းလေးများအတွက် သင့်လျော်တဲ့ Business Casual ဝတ်စုံနမူနာများကို ဖော်ပြပေးလိုက်ပါတယ်👇 🤵🏻 ယောကျာ်းလေးများအတွက် - Dress slacks သို့မဟုတ် Khakis (အရောင်ဖျော့ဘောင်းဘီ)နဲ့ Button-down shirt (ချည်သားအင်္ကျီ) သို့မဟုတ် collar ပါတဲ့ polo shirt ဝတ်ဆင်သင့်ပါတယ်။နက်တိုင် မတပ်လို့ ရပေမဲ့လည်း ဝတ်စုံများ သန့်ပြန့်ပြီး တက်ကြွအောင်ပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်။ဖိနပ်ကိုလည်း Dress shoes သို့မဟုတ် loafers ဖိနပ်မျိုး ဝတ်ဆင်သင့်ပါတယ် 🤵🏻‍♀️ မိန်းကလေးများအတွက် - Dress slacks, တင်းကျစ်မှုမရှိတဲ့ Skirt သို့မဟုတ် သင့်တော်တဲ့ဝတ်စုံများ ဝတ်ဆင်နိုင်ပါတယ်။Blouse, Sweater သို့မဟုတ် Professional Top များဝတ်ဆင်သင့်ပြီး ခန္ဓာကိုယ် မမြင်သင့်သည့်နေရာများ သိသာစွာပေါ်နေသော ဒါမှမဟုတ် ပျော့ပြောင်း ကြေမွလွယ်သော ဝတ်စုံများကို မဝတ်ဆင်သင့်ပါ။ ဖိနပ်ကို Toe ပိတ်ဖိနပ်၊ ဒေါက်ဖိနပ် သို့မဟုတ် Flats များ ဝတ်ဆင်နိုင်ပါတယ်။ ဝတ်ဆင်တဲ့ အဝတ်အစားဟာ ကိုယ့်အတွက်ကိုယ်စားပြုမှု ဖြစ်သလို အလုပ်ရရှိရေးအတွက် တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေနိုင်တာမို့ ဂရုပြုကာ ဝတ်ဆင်ပြီးမှ အင်တာဗျူးဝင်သင့်ပါတယ်။ကျွန်မတို့ရဲ့ YP Education ကျောင်းမှာတော့ ဒီအကြောင်းအရာတွေကို အတန်းတိုင်းအတွက် သေချာ ဂရုစိုက်ပြီး Personal Grooming အချိန်မှာ သင်ကြားပေးတာမို့ Hospitality သင်တန်းများ စိတ်ချစွာ အပ်နှံတက်ရောက်နိုင်ပါပြီ။ မန္တလေး June အတန်းတွေကို အသေးစိတ်ကြည့်ရှုရန်👇 https://www.facebook.com/share/1AXpWtDQoN/?mibextid=wwXIfr YP နဲ့ အဆက်အသွယ်မပြတ်စေဖို့ Channel တွေကို Subscribe လုပ်ထားပေးပါ🥰👇 💠Telegram Channel [https://t.me/ypeducationmyanmar](https://t.me/ypeducationmyanmar "smartCard-inline") 💠Tiktok [https://www.tiktok.com/@ypeducation?_t=8p1tCBD1g26&_r=1](https://www.tiktok.com/@ypeducation?_t=8p1tCBD1g26&_r=1 "smartCard-inline") YP Education ကျောင်းခွဲများသို့ ဆက်သွယ်ရန် ☎️YP Botahtaung Campus Phone: 09960407309, 09740965103 ☎️YP Hlaing Campus Phone: 09740965105 ☎️YP Mandalay Phone: 09740965104 ☎️YP Thailand (Chiang Mai Campus) Phone : +66649646900 #ypeducation #fnbonlineclass #fnbexam #foodandwine #foodandbeverage #hotellife #waiter #hoteljobs #education #overseasjobs #uaejobs #housekeeping #RoomAttendant

Leave a Reply

Your email address will not be published. Required fields are marked *