Hospitality Job Interview Q&A Guide – Myanmar
Hospitality Job Interview Q&A Guide Part2
ဟိုတယ်၊ စားသောက်ဆိုင်၊ Cruise Ship စတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်လျှောက်မယ်ဆို Interview တစ်ခုပြင်ဆင်ဖို့က အရေးကြီးတယ်လို့ Q&A Part 1 မှာပြောခဲ့ဖူးပါတယ်နော်💁🏼‍♀️ Interview မှာမေးခွန်းတွေက ရိုးရိုးလေးလို့ ထင်ပေမယ့် ဖြေတဲ့နည်းမှန်ကန်မှုက အလုပ်ရရှိတဲ့နေရာမှာ များစွာအရေးပါတာဖြစ်လို့ Q&A part 2 ကို ဆက်လက်ကြည့်လိုက်ကြရအောင်နော် 🤗
Q1: မင်းအတွက် Hospitality ဆိုတာဘာလဲ?
Ans:
“ကျွန်မအတွက် Hospitality ဆိုတာက ဧည့်သည်တွေအပေါ် စိတ်ပူစရာမရှိအောင် အကြင်နာဆုံး ဝန်ဆောင်မှုပေးတာပါ။ YP Education မှာ သင်တန်းတက်နေစဉ် Guest Handling, Service Standards ပိုင်းတွေကို သေချာလေ့လာခဲ့ပြီး လက်တွေ့အတွေ့အကြုံတွေလည်း ရရှိထားပါတယ်။ အေးချမ်းပြီး သက်တောင့်သက်သာဖြစ်စေဖို့အတွက် အကောင်းဆုံးသဘောထားနဲ့ ဆောင်ရွက်ပေးတာကိုဆိုလိုပါတယ်။”
(English)
Q1: What does hospitality mean to you?
Ans:
“To me, hospitality means making guests feel welcome, safe, and comfortable. At YP Education, I’ve learned about guest handling and service standards through theory and practice. It’s about providing thoughtful service with a positive attitude and creating a pleasant experience for every guest.”
Q2: မင်းအလုပ်လုပ်ဖူးတဲ့အတွေ့အကြုံရှိလား?
Ans:
“အလုပ်အတွေ့အကြုံ အနေနဲ့တော့ ကျွန်မကသင်တန်းတက်ချိန်အတွင်းမှာလည်း လက်တွေ့လေ့ကျင့်မှုတွေအပြင် Roleplay နဲ့ Customer interaction နဲ့ပတ်သက်တဲ့ Discussion အမျိုးမျိုးကို လုပ်ဆောင်ဖူးပါတယ်။ ဒီအတွေ့အကြုံတွေက လုပ်ငန်းခွင်မှာ ကြုံလာနိုင်တဲ့အခက်အခဲတွေကို ကြိုတင်သိပြီးဖြေရှင်းနိုင်ဖို့ အထောက်အကူဖြစ်ပေးပါတယ်။”
(English)
Q2: Do you have any previous work experience?
Ans:
“I haven’t worked full-time yet, but I gained practical experience at YP Education during my training. I participated in roleplays and real customer service discussions . These experiences helped me understand the challenges of the industry and how to handle them effectively.”
Q3: မင်းအဖွဲ့နဲ့အလုပ်လုပ်တာအဆင်ပြေလား?
Ans:
“အဖွဲ့လိုက်အလုပ်လုပ်ဖူးတဲ့အတွေ့အကြုံရှိပါတယ်။ YP Education လို Training Class တွေမှာ Group Projects တွေနဲ့ တာဝန်ခွဲဝေမှုနဲ့ ပတ်သက်ပြီးအတွေ့အကြုံတွေယူဖူးတာကြောင့် Teamwork ကို နားလည်ပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ပါတယ်။ Hospitality ကဲ့သို့သောလုပ်ငန်းတွေမှာတော့ Teamwork က အရေးကြီးတဲ့အရာဖြစ်ပါတယ်။”
(English)
Q3: Can you work well in a team?
Ans:
“Yes, I can. During my training at YP Education, I worked on group projects and learned how to cooperate, communicate, and share responsibilities. I understand that teamwork is essential in the hospitality industry and I enjoy supporting my team to achieve shared goals.”
Q4: မင်းအလုပ်မှာအမြဲတမ်း တိုးတက်ဖို့ ဘယ်လိုကြိုးစားသွားမလဲ?
Ans:
“ကျွန်မကအမြဲတမ်း သင်ယူနေချင်တဲ့သူဖြစ်ပါတယ်။ ဘယ်အချိန်မှာမဆို Feedback တွေလက်ခံနားထောင်ခြင်းနဲ့ တိုးတက်မှုအတွက် ပြင်ဆင် ကြိုးစားတဲ့အလေ့အထရှိပါတယ်။ လုပ်ငန်းခွင်မှာလည်း Supervisor တွေဆီကအကြံပြုချက်တွေအပေါ် အလေးထားပြီး ပြုပြင်တိုးတက်နိုင်ဖို့ ကြိုးစားပါမယ်။”
(English)
Q4: How do you plan to improve yourself in this job?
Ans:
“I’m always eager to learn and improve.Every time , I developed the habit of accepting feedback and using it to grow. In the workplace, I’ll continue to listen to my supervisors, apply what I’ve learned, and keep improving through practice and experience.”
Q5: ဧည့်သည်တစ်ဦးက Complaint တက်နေရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?
Ans:
"ကျွန်မအနေနဲ့ အရင်ဆုံး ဧည့်သည်ရဲ့ပြောဆိုချက်ကို အာရုံစိုက်ပြီး နားလည်အောင် ကြိုးစားပါမယ်။ သူတို့ရဲ့မကျေနပ်မှုကို အလေးအနက်ထားကြောင်း ပြောဆိုကာ တတ်နိုင်သမျှ အမြန်ဆုံးနဲ့ အကောင်းဆုံးဖြေရှင်းနည်းကို ဆွေးနွေးပါမယ်။ ဥပမာ - အစားအသောက်နှောင့်နှေးနေရင် ကျေးဇူးပြု၍ စောင့်ဆိုင်းပေးပါရန် နွေးနွေးထွေးထွေးတောင်းပန်ပြီး၊ အခမဲ့ အချိုရည်/အစားအစာ တစ်ခုခု ပြန်လည်အစားထိုးပေးခြင်းဖြင့် ကျေနပ်မှုရစေဖို့ လုပ်ဆောင်ပါမယ်။
(English)
Q5: How would you handle a complaint guest?
Ans:
"I would first listen carefully to understand the guest’s concern, then sincerely apologize to show empathy. Next, I’d offer a practical solution like replacing a delayed meal with a complimentary drink or dish while ensuring they feel valued."
ဒါတွေဟာ လက်တွေ့ Interview ဖြေဖို့လိုအပ်တဲ့အခြေအနေမှာ ဖက်ရှုလေ့လာထားမယ်ဆို အသုံးဝင်လာနိုင်တာမို့ save ထားလိုက်တော့နော်🤗
Hospitality Job Interview Q&A Guide Part1 👇👇👇
YP Education ကျောင်းခွဲများသို့ ဆက်သွယ်ရန်
☎️YP Botahtaung Campus
Phone: 09960407309, 09740965103
☎️YP Hlaing Campus
Phone: 09740965105
☎️YP Mandalay
Phone: 09740965104
☎️YP Thailand (Chiang Mai Campus)
Phone : +66649646900

Leave a Reply

Your email address will not be published. Required fields are marked *