Learn to Clean a Room like a Pro!
အခန်းသန့်ရှင်းရေးလုပ်ငန်းဟာ ဟိုတယ်
ဝန်ဆောင်မှုမှာ အရေးပါဆုံးအပိုင်းတစ်ခုပဲဖြစ်ပါတယ်။ 💁🏼‍♀️
ဧည့်သည်တစ်ဦးအတွက် အခန်းသန့်ရှင်းနေမှု၊ သက်တောင့်သက်သာရှိမှု၊ အပျက်အစီး ကင်းရှင်းနေမှုများတွေဟာ trust & satisfied ကို ဖန်တီးပေးနိုင်တာပဲဖြစ်ပါတယ်။ 🤗 ဒါကြောင့် အခန်းသန့်ရှင်းရေးလုပ်ငန်းကို စနစ်တကျ၊သေချာစွာနဲ့ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်🥰 ထိရောက်တဲ့အခန်းသန့်ရှင်းမှုလုပ်ငန်းစဉ်ကို လုပ်ဆောင်တဲ့နေရာမှာ မျှတမှု၊ တိကျမှုနှင့် သုံးစွဲသူဧည့်သည်တို့အပေါ်အလေးထားမှုများပါဝင်နေရမှာပဲ ဖြစ်ပါတယ်နော်✅
အခန်းသန့်ရှင်းရေးလုပ်နည်း✅
အဆင့်လိုက်လုပ်ဆောင်ရမည့်အချက်များကို ပြောပြပေးသွားပါမယ်နော်💁🏼‍♀️
❇️ worksheet ကိုစစ်ဆေးပါ။
❇️ ဧည့်သည်အခန်းထဲသို့ ဝင်ရောက်ပါ။
❇️ ဧည့်သည်ကို အမည်ဖြင့် ရင်းနှီးလေးစားစွာနှုတ်ဆက်ပါ။
❇️ ဧည့်သည်အဝတ်များlaundry သို့ပို့ရန် ရှိ/မရှိ စစ်ဆေးပါ။
❇️ mini-bar မှ အသုံးပြုပြီးသောအရာများကို စစ်ဆေးပြီး မှတ်တမ်းတင်ပါ။
❇️ အခန်းထဲရှိ စားသုံးပြီးသော room service
တင်သည့် စင်များကို ရှင်းလင်းပါ။
❇️ အခန်းတွင်းတွင် အပျက်အစီးရှိ/မရှိ စစ်ဆေးပါ။
❇️ အခန်းကို ရှင်းလင်းအောင် ပြန်လည်သန့်ရှင်းပေးပါ။
❇️ အမှိုက်များကို ဖယ်ရှားပြီး စနစ်တကျစွန့်ပစ်ပါ။
❇️ အသုံးပြုပြီးသော အိပ်ယာခင်းအဝတ်များကို ဖယ်ထုတ်ပါ။
❇️ ဟိုတယ်စံနှုန်းအတိုင်း အိပ်ရာခင်း ပြင်ဆင်ပေးပါ။
❇️ ကြမ်းပြင်များအားလုံးကို သန့်ရှင်းသောကြမ်းသုတ် အဝတ်စိုဖြင့် clockwise သို့မဟုတ် ဆန့်ကျင်ဘက်ပုံစံဖြင့် သုတ်ကာသန့်စင်ပေးပါ။ မျက်နှာပြင်အားလုံးကို နှံ့စပ်စွာမဖြစ်မနေ သန့်ရှင်းနေရပါမည်။
❇️ ဧည့်သည်ရဲ့ပစ္စည်းများကို စနစ်တကျဖြင့် ထားပေးရသော်လည်း နေရာပြောင်းခြင်း မပြုရပါ။ ❌
❇️ Room လျှောက်လမ်းရှိ ခုံများ၊ ကြမ်းပြင်များကို သန့်ရှင်းစွာ သုတ်ပေးပါ။ balcony တံခါးအကြားအစိတ်အပိုင်းများအထိ သန့်ရှင်းမှုရှိအောင် ပြုလုပ်ပါ။
❇️ ပြတင်းပေါက်တံခါးများကို သန့်စင်သော ပဝါနဲ့ အတူ မှန်ကြည်ဆေးရည်ဖြင့် သန့်ရှင်းရေးပြုလုပ်ပါ။
❇️ စာရေးကိရိယာများနဲ့ အခန်းအတွင်းထားသော တစ်ကိုယ်ရည်သုံးပစ္စည်းများရှိ/မရှိ စစ်ဆေးပြီး သတ်မှတ်ထားသောအရေအတွက်အတိုင်း ဖြည့်ထားပေးပါ။
❇️ စက်ကိရိယာများအားလုံးကို စစ်ဆေး၍ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးပါ။
❇️ အပျက်အစီးတစ်စုံတစ်ရာရှိပါက ချက်ချင်းအကြီးအကဲထံ သတင်းပေးပါ။
❇️ Air- fresher ဖျန်းပြီး နောက်ဆုံးအကြိမ် အခန်းအား သေချာစွာ သန့်ရှင်းထားခြင်းရှိ/မရှိပြန်လည်ကြည့်ရှုသင့်ပါတယ်။ 💯
ဒီလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်းဖြင့် ဧည့်သည်တစ်ဦးအတွက် သက်တောင့်သက်သာနဲ့ကျေနပ်ဖွယ်ကောင်းတဲ့ တည်းခိုနေထိုင်မှုကိုဖန်တီးပေးနိုင်မှာ အသေအချာပါပဲ💁🏼‍♀️ Housekeeping interview တွေမှာမေးလေ့မေးထရှိတဲ့ အတွက် သေချာလေ့လာထားဖို့ လိုပါတယ်😍
YP နဲ့ အဆက်အသွယ်မပြတ်စေဖို့ Channel တွေကို Subscribe လုပ်ထားပေးပါ🥰👇
💠Telegram Channel
💠Tiktok
YP Education ကျောင်းခွဲများသို့ ဆက်သွယ်ရန်
☎️YP Botahtaung Campus
Phone: 09960407309, 09740965103
☎️YP Hlaing Campus
Phone: 09740965105
☎️YP Mandalay
Phone: 09740965104
☎️YP Thailand (Chiang Mai Campus)
Phone : +66649646900

Leave a Reply

Your email address will not be published. Required fields are marked *